♥...ချစ်သူရေးတဲ့တေးကဗျာ...♥
Ch@nPlusNw@y
Friday, June 1, 2012
♥...လွမ်းဆွတ်ခြင်း...♥
![]() |
| ♥...လွမ်းဆွတ်ခြင်း...♥ |
နင်ကမခေါ်ပဲနဲ့ဝင်လာပြီး မနှင်ပါပဲ ပြေးထွက်သွားသူ
ငါကပိုင်ဆိုင်ခွင့်မရလည်း ရူးသွပ်စွာ ဆက်ချစ်နေမဲ့သူ
ပေးဆပ်သူနဲ့ ပြေးထွက်သွားသူ
ငါတို့ နှစ်ဦးနှစ်ဖက်စလုံးမှာ
အရှုံးတွေလက်ဝယ်ကျန်ရှိတာ
ဘယ်သူများဖြစ်နိုင်မလဲလို့
မေးဖို့မလိုအောင်
အဖြေကထွက်နေပြီးသားလေ
အရင်ကအချစ်ကြောင့်ရေးတဲ့ကဗျာတွေထက်
အခုချိန်နင့်ကိုလွမ်းလို့ရေးစပ်ဖြစ်တဲ့ ကဗျာတွေက
ငါ့အတွက်ပိုပြီးအသက်ဝင်ခဲ့သလိုပေါ့
နင်ကလွမ်းဆွတ်ခြင်းတွေကို ပေးခဲ့ပြီးမှ
ငါ့ကိုမေ့ပစ်လိုက်ဆိုတဲ့ခေါင်းစဉ်အောက်ကို
ငါ့ဆန္ဒမပါပဲ အပြီးတိုင်နှင်ထုတ်ခဲ့တဲ့အချိန်မှာတော့
ငါဟာနေမြင့်လေအရူးရင့်လေနှင့်
ဆည်းဆာအိုထဲက နေလုံးကြီးပမာ
အချိန်တန်ရင် ပင်လယ်ထဲတစ်ဖြေးဖြေး
ရွှေ့လျား ပျောက်ကွယ်သွားရသလို
ငါ့မျှော်လင့်ချက် ငါ့ဘဝ
ငါ့အနာဂတ်တွေလည်း တစ်ဖြေးဖြေး
ပုတ်သိုး ပျက်စီးစပြုလာခဲ့ရပြီ ချစ်သူ
အရာရာကိုပုံသေကားချပ်သတ်မှတ်လို့ရရင်အကောင်းသား
ခုတော့ *လွမ်းဆွတ်ခြင်း*ဆိုတဲ့စည်းအတွင်းမှာ
နင့်အရိပ် နင့်အငွေ့အသက်တွေကိုတမ်းတပြီး
ငါရုန်းမထွက်နိုင်အောင် ဖြစ်နေခဲ့ရပြီ...။
Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ
Monday, May 28, 2012
♥...ချစ်တယ်ဟုတ်...♥
![]() |
| ♥...ချစ်တယ်ဟုတ်...♥ |
ချစ်သူ
နင်ကြိုက်တဲ့ ငါ့အသံ
နင်တမ်းတတဲ့ ငါ့မျက်ဝန်း
နင်စွဲလန်းတဲ့ ငါ့နှုတ်ခမ်း
နင်မြတ်နိုးတဲ့ ငါ့ဆံနွယ်တွေကို
နင်အရမ်းဂရုစိုက်အလေးထားတတ်သလို
ငါ့ကိုလည်း အလေးအနက်ထားပြီး
အရမ်းချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို
နင့်နှုတ်ဖျားက ခပ်တိုးတိုးလေးရေရွတ်ကြည့်ပေးပါလား
အဲဒါဆို အရာအားလုံးနားလည်ပေးပြီး နင့်ကိုငါအရင်ကထက်ပိုချစ်မိမှာအမှန်ပါပဲ
Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ
Sunday, May 27, 2012
♥...ရှင်သန်နေမဲ့အချစ်...♥
![]() |
| ♥...ရှင်သန်နေမဲ့အချစ်...♥ |
အွန်လိုင်းမှာသူများ ရှိမလားလို့
လှမ်းကြည့်မိတယ် အချိန်တိုင်းပေါ့
နေပါစေ နင်ပျော်ရင်ပြီးတာပဲဆိုပေမဲ့
လွမ်းတတ်ခဲ့ခြင်းက ငါ့အတွက်
တမြေ့မြေ့လောင်ကျွမ်းနေတဲ့ဖွဲမီးနဲ့မခြားနားခဲ့ပါဘူး
အနေဝေးကွာခြင်းရဲ့ ချစ်ခြင်းတစ်စုံတစ်ရာက
ရင်ခုန်သံတိုင်းကိုမကြားနိုင်စေခဲ့တာလား
ဒါမှမဟုတ် နင်ကပဲမချစ်တတ်ခဲ့တာလားမသိဘူး
ငါတို့နှစ်ယောက်ချစ်ခြင်းက အချိန်ကြာလာတာနဲ့အမျှ
သွေးအေးသထက်အေး ဟိုးးးးးးးအဝေးဆုံးကို
ဝေးသထက်ဝေးခဲ့စေပြီလား?
အလှမ်းကွာဝေးတဲ့ ရင်ခုန်သံတွေကို
ဆုတ်ယူဖမ်းဆုတ်နိုင်ခွင့်မရှိနိုင်လောက်အောင်
နင့်ရဲ့အချစ်တွေက လွင့်ပြယ်သွားတဲ့
တိမ်တိုက်တစ်ခုအလားထင်ရလောက်တယ်
ဘာပဲဖြစ်ဖြစ်လေ အချိန်တွေရှိတိုင်းအသက်ဆက်ခွင့်ရှိတဲ့
ငါ့ရဲ့နှလုံးသွေးတစ်ချို့မခမ်းခြောက်သွားသေးခင်............
ထာဝရရှင်သန်တဲ့အချစ်တွေကျန်ရစ်ခဲ့ပါရစေ
Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ
♥...ဆုံစည်းနိုင်မယ့်အချိန်..♥
![]() |
| ♥...ဆုံစည်းနိုင်မယ့်အချိန်..♥ |
ချစ်သူရေ အနေဝေးလှတဲ့
ငါတို့နှစ်ယောက်အတွက် ခုလက်ရှိအချိန်လေးမှာ
တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေကိုယ်စီနဲ့
ယုံကြည်မှုတွေအခိုင်အမာထားရှိပြီး
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်နိုင်ဖို့အတွက်
ခဏတာတော့ တစ်ယောက်တစ်လမ်းစီကို
ရှေ့ဆက်လျှောက်သွားကြရအောင်နော်
တစ်ချိန်ချိန်မှာတော့ ငါတို့မျော်လင့်ထားတဲ့အတိုင်း
ငါတို့ရဲ့အနာဂတ်တွေအကောင်အထည်ဖော်နိုင်လောက်တဲ့အချိန်
ငါတို့နားခိုရာကမ္ဘာငယ်လေးတစ်ခုမှာ
ငါတို့နှစ်ယောက်အတူတူ ပြန်ဆုံကြရအောင်နော်
အဲဒီအချိန်ကြလို့ရှိရင် ငါတို့ဘယ်တော့မှမခွဲကြေးနော်

♥.....2012 မော်ဒန်အချစ်.....♥
![]() |
| ♥.....2012 မော်ဒန်အချစ်.....♥ |
ကြင်နာယစ်မူးချစ်ဦးသူ ငါ့ရဲ့စိတ်ကိုအပိုင်သိမ်းယူ
ချစ်ခင်စုံမက်စွဲလန်းရစ် မင့်ရဲ့အကြည့်ကြောင့်ငါသိပ်ချစ်
တမ်းတမိတဲ့ငါ့နှုတ်ခမ်းဖျား မင်းကိုလွမ်းတယ်နေ့ရက်မခြား
သိပ်သိပ်ချစ်တယ်ချစ်သူရယ် အများနဲ့မတူတဲ့အချစ်နဲ့ကွယ်
သံယောဇဉ်တွေတစ်ဆင့်တိုး မင်းကငါ့ရဲ့အချစ်ဆုံး
သိပ်သိပ်လွမ်းတယ်ချစ်သူရယ် မင့်နဲ့ဝေးတဲ့အချိန်တွေရယ်
တနယ်စီဝေးလည်းချစ်တဲ့စိတ် ရှင်သန်နေမယ့်ငါ့ရဲ့စိတ်
အချိန်တွေကြာတော့ပိုပိုချစ် မင့်ကငါ့ရဲ့နံပါတ်တစ်
မင့်လည်းငါ့လိုချစ်နေမလား အတွေးတွေထဲမှာရှိတယ်တအား
အနေဝေးတဲ့ချစ်သူရယ် သွေးအေးသွားမှာအရမ်းစိုးတယ်
အရှုံးတွေထွေးပိုက်ချစ်နေဆဲ အနိုင်မယူပါနဲ့ချစ်သူရဲ့
အနိုင်ယူလည်းပဲချစ်နေမယ် မင့်ကိုနားလည်ပေးနိုင်တယ်
ဘယ်လောက်ပင်ဝေးဝေးလမ်းမခွဲကြေး မင့်နဲ့ငါ့ရဲ့အချစ်ရေး
ဘယ်သူတွေခွဲခွဲချစ်နေမယ် တစ်သက်တာပုံကာချစ်လို့ကွယ်
ရာစုနှစ်တစ်ခုကျော်လွန်ဆဲ မင့်ကငါ့အတွက်အဖော်မွန်ပဲ......း)

♥...အဆိပ်သင့်နေ့ရက်များ...♥
![]() |
| ♥...အဆိပ်သင့်နေ့ရက်များ...♥ |
- အပ်ကြောင်းထပ်နေတဲ့အလွမ်းဒဏ်ရာတွေ
- စည်းချက်မမှန်နိုင်တော့တဲ့ ရင်ခုန်သံသဲ့သဲ့လေး
- မပီပြင်ဝိုးတ၀ါးနဲ့ ရှေ့ဆက်လျှောက်လှမ်းရမဲ့ခရီးလမ်းက
- ငါ့အတွက် အပြာဖျော့ဖျော့မျော်စင်တစ်ခုဆန်လာတယ်
- ဖေးမကူညီမှုမဲ့နေတဲ့ ငါ့အတွက်
- ဆက်လက်ရပ်တည်နိုင်တဲ့အားအင်မရှိတော့ပါဘူး
- သန်ခေါင်အပြင်ညဉ့်မနက်ဘူးဆိုပေမဲ့
- ခါးသီးခြင်းရဲ့ အလွမ်းဒဏ်ရာတွေ
- ရက်စက်လွန်းတဲ့ဥပက္ခာတွေရတဲ့အခါ ရင်နာတယ်
- တစ်ယောက်တဲပိုင်ဆိုင်ခွင့်မရှိတဲ့ နင့်နှလုံးသား
- ငါ့ဆီနားခိုမယ်လို့ ဆုံးဖြတ်ပြီးမှ
- အတိတ်ကိုတူးဆွ ပြက္ခဒိန်တွေနောက်ပြန်လှန်နေတဲ့
- နင့်ရဲ့ဒွိဟတွေကြားမှာ ငါဟာအဖြည့်ခံတစ်ယောက်ဖြစ်လို့နေမလား
Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ
Subscribe to:
Comments (Atom)