Monday, January 30, 2012

♥...အလွမ်းနေ့ရက်...♥


♥...အလွမ်းနေ့ရက်...♥

 အဆင်သင့်မဖြစ်သေးတဲံ
ငါ့ဘ၀ထဲကို ဇွတ်အတင်းဝင်လာပြီး
နှုတ်မဆက်ပဲ တိတ်တဆိတ်ထွက်ခွာသွားတဲ့
မင်းအတွက်...........အလွမ်းနေ့ရက်တွေကို
လက်ချိုးရေတွက်ရင်း...
မင်းပြန်လာချိန်ကို စောင့်မျော်နေရုံမှလွဲလို့
ဘာများတတ်နိုင်ဦးမှာလဲ.....ကောင်လေးရေ♥♥
မျော်လင့်မထားတဲ့အချိန်မှာထွက်ခွာသွားတဲ့
မင်းအတွက် ငါ့ရဲ့ရင်ခွင်တံခါးကိုတော့
အမြဲစေ့ထားပါတယ်...
ဖွင့်တော့မထားဘူးပေါ့ ချစ်သူရယ်
သူများတွေအလွယ်တကူ ၀င်လာမှာစိုးလို့ပါ

Sunday, January 29, 2012

♥...For Chitthu...♥


♥...For Chitthu...♥

အထီးကျန်ဆန်တဲ့ နေ့ရက်တွေမှာ
တိတ်တဆိတ်လွမ်းဆွတ်ခွင့်လေးတွေနဲ့
တိုတောင်းလှတဲ့ ကာလလေးတစ်လျှောက်မှာ
သတိရချင်းများစွာကို စာရွက်ပေါ်မှာသီကုံးရေးသားရင်း
တိတ်တိတ်လေးပဲ နင့်ကိုမျှော်လင့်နေမိတယ်..
ဘ၀နဲ့ဆန္ဒသာတစ်ခုတည်းဖြစ်ခွင့်ရရင်
နင်ဆိုတာ ငါ့အတွက်ခိုနားရာကမ္ဘာငယ်လေး
တစ်ခုဖြစ်ခွင့်ရပါစေလို့ပေါ့....
ချစ်သူနင့်အတွက်ငါပေးဆပ်နိုင်တာက
နားလည်မှုတွေနဲ့ဖွဲ့စည်းထားတဲ့
ငါ့နှလုံးသားလေးတစ်ခုပါပဲ..
အရာရာ နင့်ဆန္ဒတစ်ခုတည်းဖြစ်ခွင့်ပေးခဲ့တာ
ဘာအတွက်ရယ်လို့တော့ ငါမပြောခဲ့ရင်တောင်
နင့်သိနိုင်လိမ့်မယ်လို့ ငါမျော်လင့်တယ်
ဒါကြောင့် တကူးတက ပြောနေစရာမလိုတော့ပါဘူး
နင်သိထားဖို့က အရာအားလုံးနင့်အပေါ်မူတည်နေတယ်ဆိုတာကိုပေါ့

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

Saturday, January 28, 2012

♥...နေပါစေချစ်သူ...♥

♥...နေပါစေချစ်သူ...♥

        နေပါစေ ချစ်သူ
        နင်နဲဝေးရမှ ငါအချစ်စစ်တွေနင်သိနိုင်မယ်ဆိုရင်
        ငါ့ရင်ကိုခွဲ နှလုံးသားကိုထုတ်လိုက်တာမှ
        ငါ့အတွက်ပိုကောင်းမှာပါ...။

        နေပါစေ ချစ်သူ
        နင့်ကိုလွမ်းရလို့ ငါ့မျက်ရည်တွေ ခမ်းခြောက်မယ်ဆိုရင်
        မျက်ရည်မကတဲ့ နှလုံးသွေးပါ ခမ်းပါစေ
        သတိရခြင်းတွေကို ထွေးပိုက်
        နာကျင်စွာနဲ့ပဲ ငါ….နင့်ကို လွမ်းနေလိုက်မယ်……။ ။

        နေပါစေ ချစ်သူ
        အရာရာကို ငါနားလည်မှုထားပြီး
        ခွင့်လွတ်နေခဲ့ပေးလို့ နင့်မျှော်လင့်ချက်တွေနဲ့
        ငါ့ရှေ့အရောက်လှမ်းမယ်ဆိုတောင်
        ငါ လက်ကမ်းကြိုဆိုနေမိမှာပါ..။

        နေပါစေ ချစ်သူ
        နင်မသိသေးတဲ့ အမှန်တရားနဲ့
        ငါ့ပတ်ဝန်းကျင်ကို နင်မမုန်းပစ်လိုက်ပါနဲ့
        နင်ယူဆထားတဲ့ လွဲမှားမှုတွေကို
        အဆုံးမသတ်နိုင်ရင် ငါ့ကိုမုန်းပစ်သွားလိုက်ပါ..၊

        နေပါစေ ချစ်သူ
        နင်မရှိလို့ ငါ့ဘ၀မစိုပြေဘူးဆိုရင်
        နာရီတွေကို နောက်ပြန်ဆွဲ
        နင်မပါဝင်တဲ့ အတိတ်တွေထဲမှာပဲ
        ငါ့တစ်ယောက်တည်း ပျော်မွေ့နေပေးပါမယ်...။


Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

 
        

♥...ချစ်သူသိစေဖို့...♥


♥...ချစ်သူသိစေဖို့...♥

တမ်းတမှုတိုင်းကို ချစ်သူသိအောင်လို့
အကြိမ်ကြိမ်ပြောနေပေမဲ့လည်း..
အချည်းနှီးသာဖြစ်ခဲ့ရတယ်....ချစ်သူရယ်
မေ့လို့မရအောင် စွဲလန်းလွန်းလို့
လွမ်းဆွတ်ခြင်းတွေကို ငါရခဲ့တယ်

*ချစ်တယ်* လို့နှုတ်ကဖွင့်ပြောချင်ပေမဲ့
မိန်းကလေးတစ်ယောက်အဖို့ အားအင်မရှိခဲ့ပြန်ပါဘူး..
ချစ်သူရဲ့..လှုပ်ရှားမှုတိုင်းကို
အဝေးကပဲ ကြည့်နေခွင့်ရခဲ့မယ်ဆိုရင်...

တို့ရင်ထဲကဖြစ်ပေါ်နေခဲ့တဲ့ ဆန္ဒတွေကို
ချစ်သူတစ်ယောက်သာ သိနိုင်လိမ့်မယ်ဆိုရင်
ချစ်သူရေ........
နင့်ကိုချစ်ခဲ့မိတာ အပြစ်လို့မှတ်ယူရင်း...

အဲဒီအပြစ်ကို ကျေကျေနပ်နပ်နဲံ
လက်ခံလိုက်မှာပါ....ချစ်သူရယ် ♥♥♥♥♥

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

♥...နှလုံးသားရဲ့စေစားရာ...♥



♥...နှလုံးသားရဲ့စေစားရာ...♥
ချစ်ခဲ့ခြင်းကို အံတုပြီးမှ
မေ့ပစ်မှုကို အစပျိုးရုံပဲ ရှိသေးတယ်
ဘာကြောင့်များ...ငါ့နှလုံးသားကို
ဒုတိယအကြိမ် လှုပ်နှိုးပြန်တာလဲ.?
မင့်နှလုံးသားရဲ့စေခိုင်းချက်အတိုင်း
ငါ့ကိုစွန့်ခွာသွားခဲ့ပြီးပြီပဲ..အခုချိန်မှ
မင့်အတွက်ဘာများလွမ်းစရာရှိနေသေးလီု့လဲ
တစ်ချိန်ကမင့်ပေးခဲ့တဲ့ အမှတ်တရတွေအစား
ဒဏ်ရာတွေကိ ငါ့ရင်ထဲ့မှာ
ပြည့်နက်နေခဲ့ပြီလေ..
သစ္စာမရှိတဲ့နင့်ရဲ့ လက်အောက်မှာ
အပြစ်မရှိတဲ့ ငါ့နှလုံးသား စတေးခဲ့ရပြီးပြီ
နင်ဘာကိုမျော်လင့်တောင့်တနေသေးတာလဲ..
မင့်အတွက် ငါ့ရင်ခွင်တံခါး ထာဝရပိတ်သွားခဲ့ပြီ
ဒုတိယအကြိမ်ဆိုတာ နင့်အတွက်
မရှိလာနိုင်တော့ဘူး.....
အခုချိန်မှာမင့်နှုတ်ဖျားက "ချစ်တယ်"ဆိုတဲ့
စကားကိုငါဥပက္ခာပြုနေနိုင်ခဲ့ပြီလေ....။
ငါ့ရဲ့တုန့်ပြန်မှုကိုနင်အပြစ်တင်မနေပါနဲ့
အရာအားလုံးဟာ နှလုံးသားရဲ့
စေစားရာအတိုင်းပါပဲလေ.......။


Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

♥.....အဖြေရှာမရတဲ့ပုစ္ဆာ....♥

♥.....အဖြေရှာမရတဲ့ပုစ္ဆာ....♥

လွမ်းတဲ့အကြောင်းတွေ ကဗျာသီကုံး
ကဗျာဆရာတွေထိုင်ငိုလောက်တယ်
တမ်းတမိတဲ့နေ့ရက်တွေနဲ့ သတိရမိတဲ့ညစဉ်ဆက်တိုင်း
မက်ခဲ့ရတဲ့အိပ်မက်တွေရေတွက်ကြည့်တော့
1500 မကတော့ပြီ..
ခံစားချက်ကိုဥပက္ခာပြု လွမ်းတဲ့အကြောင်းတွေ
ရင်ထဲသိမ်းဆည်းရင်း ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေ
မောကြပ်လွန်းမှန်းသိရက်နဲ့ မင့်အလိုကျနေပေးခဲ့ရင်း
တိတ်တိတ်လေးပဲ မင်းကိုလွမ်းနေခွင့်ရခဲ့တယ်ချစ်သူ..


တို့နှစ်ယောက်ရှေ့ဆက်ရမဲ့ခရိးလမ်းကကြမ်းလို့လား...?
ဒါမှမဟုတ်...
ဝေးကွာလွန်းလှတဲ့နေရာတွေကြားမှာ တို့နှစ်ယောက်
ချစ်ခဲ့မိတာကိုဝေခွဲမရဖြစ်နေခဲ့တာလား...?
မေးခွန်းပေါင်းများစွာနဲ့ အဖြေရှာမရတဲ့ပုစ္ဆာတစ်ပိုဒ်ကို
ခဏခဏ မေးနေမိတယ်ချစ်သူ...


အချစ်တစ်ခုတည်းနဲ့ ဘ၀တစ်ခုကို နှစ်ယောက်တစ်အိမ်မက်
တည်ဆောက်လို့မရနိုင်တာသိရက်နဲ့ ငါတို့နှစ်ယောက်မရှိမဖြစ်
လိုအပ်တဲ့ဒီအချစ်ကိုမှမျော်လင့်နေမိတာ အပြစ်ရယ်လို့သတ်မှတ်နေဦးမှာလား..?

                                Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ






Tuesday, January 24, 2012

♥...လှည့်စားတတ်သောအချစ်နတ်သား...♥

♥...လှည့်စားတတ်သောအချစ်နတ်သား...♥
မျောလွင့်နေတဲံ တိမ်တိုက်
စီးဆင်းနေတဲ မျက်ရည်
ပြွတ်သိပ်နေတဲ့ ဒဏ်ရာတွေကို
နင်စာနာပေးနိုင်မလား....ချစ်သူရေ

ငါ့ရဲ့နှလုံးသားကိုမှ လှည့်စားရက်တဲ့
မင်းလေးကို တစ်နေ့မှ
မေ့လို့မရနိုင်ဘူးကွယ်..ဒါတွေကို
နင်သိနိုင်မလား...ချစ်သူရေ

မင်းအချစ်ကို ကိုးကွယ်မိခဲ့တဲံ
ငါဟာ လူတကာရဲ့ဟားတိုက်ခြင်းကို ခံနေခဲ့ရပြီ
ဒါပေမယ့်....မင်းလေးကို
မမုန်းရက်ပြန်ဘူး...ချစ်သူရေ

ဒါတွေအားလုံးဟာ ဘူတာမှားဆိုက်မိတဲ့
ငါပဲ.....မှားသွားခဲံတာလား
လှည့်စားတတ်တဲ့မင်းလေးကိုပဲ
အပြစ်တင်ရတော့မလား....ချစ်သူရေ

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ