Monday, May 28, 2012

♥...ချစ်တယ်ဟုတ်...♥

♥...ချစ်တယ်ဟုတ်...♥

ချစ်သူ
နင်ကြိုက်တဲ့ ငါ့အသံ
နင်တမ်းတတဲ့ ငါ့မျက်ဝန်း
နင်စွဲလန်းတဲ့ ငါ့နှုတ်ခမ်း
နင်မြတ်နိုးတဲ့ ငါ့ဆံနွယ်တွေကို
နင်အရမ်းဂရုစိုက်အလေးထားတတ်သလို
ငါ့ကိုလည်း အလေးအနက်ထားပြီး
အရမ်းချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို
နင့်နှုတ်ဖျားက ခပ်တိုးတိုးလေးရေရွတ်ကြည့်ပေးပါလား
အဲဒါဆို အရာအားလုံးနားလည်ပေးပြီး နင့်ကိုငါအရင်ကထက်ပိုချစ်မိမှာအမှန်ပါပဲ

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ


Sunday, May 27, 2012

♥...ရှင်သန်နေမဲ့အချစ်...♥

♥...ရှင်သန်နေမဲ့အချစ်...♥

 အွန်လိုင်းမှာသူများ ရှိမလားလို့
လှမ်းကြည့်မိတယ် အချိန်တိုင်းပေါ့
နေပါစေ နင်ပျော်ရင်ပြီးတာပဲဆိုပေမဲ့
လွမ်းတတ်ခဲ့ခြင်းက ငါ့အတွက်
တမြေ့မြေ့လောင်ကျွမ်းနေတဲ့ဖွဲမီးနဲ့မခြားနားခဲ့ပါဘူး
အနေဝေးကွာခြင်းရဲ့ ချစ်ခြင်းတစ်စုံတစ်ရာက
ရင်ခုန်သံတိုင်းကိုမကြားနိုင်စေခဲ့တာလား                            
ဒါမှမဟုတ် နင်ကပဲမချစ်တတ်ခဲ့တာလားမသိဘူး
ငါတို့နှစ်ယောက်ချစ်ခြင်းက အချိန်ကြာလာတာနဲ့အမျှ
သွေးအေးသထက်အေး ဟိုးးးးးးးအဝေးဆုံးကို
ဝေးသထက်ဝေးခဲ့စေပြီလား?
အလှမ်းကွာဝေးတဲ့ ရင်ခုန်သံတွေကို
ဆုတ်ယူဖမ်းဆုတ်နိုင်ခွင့်မရှိနိုင်လောက်အောင်
နင့်ရဲ့အချစ်တွေက လွင့်ပြယ်သွားတဲ့
တိမ်တိုက်တစ်ခုအလားထင်ရလောက်တယ်
ဘာပဲဖြစ်ဖြစ်လေ အချိန်တွေရှိတိုင်းအသက်ဆက်ခွင့်ရှိတဲ့
ငါ့ရဲ့နှလုံးသွေးတစ်ချို့မခမ်းခြောက်သွားသေးခင်............
ထာဝရရှင်သန်တဲ့အချစ်တွေကျန်ရစ်ခဲ့ပါရစေ

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ



♥...ဆုံစည်းနိုင်မယ့်အချိန်..♥

♥...ဆုံစည်းနိုင်မယ့်အချိန်..♥

ချစ်သူရေ  အနေဝေးလှတဲ့
ငါတို့နှစ်ယောက်အတွက် ခုလက်ရှိအချိန်လေးမှာ
တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေကိုယ်စီနဲ့
ယုံကြည်မှုတွေအခိုင်အမာထားရှိပြီး
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်နိုင်ဖို့အတွက်
ခဏတာတော့ တစ်ယောက်တစ်လမ်းစီကို
ရှေ့ဆက်လျှောက်သွားကြရအောင်နော်
တစ်ချိန်ချိန်မှာတော့ ငါတို့မျော်လင့်ထားတဲ့အတိုင်း
ငါတို့ရဲ့အနာဂတ်တွေအကောင်အထည်ဖော်နိုင်လောက်တဲ့အချိန်
ငါတို့နားခိုရာကမ္ဘာငယ်လေးတစ်ခုမှာ
ငါတို့နှစ်ယောက်အတူတူ ပြန်ဆုံကြရအောင်နော်
အဲဒီအချိန်ကြလို့ရှိရင် ငါတို့ဘယ်တော့မှမခွဲကြေးနော်





♥.....2012 မော်ဒန်အချစ်.....♥

♥.....2012 မော်ဒန်အချစ်.....♥

ကြင်နာယစ်မူးချစ်ဦးသူ ငါ့ရဲ့စိတ်ကိုအပိုင်သိမ်းယူ
ချစ်ခင်စုံမက်စွဲလန်းရစ် မင့်ရဲ့အကြည့်ကြောင့်ငါသိပ်ချစ်
တမ်းတမိတဲ့ငါ့နှုတ်ခမ်းဖျား မင်းကိုလွမ်းတယ်နေ့ရက်မခြား
သိပ်သိပ်ချစ်တယ်ချစ်သူရယ် အများနဲ့မတူတဲ့အချစ်နဲ့ကွယ်
သံယောဇဉ်တွေတစ်ဆင့်တိုး မင်းကငါ့ရဲ့အချစ်ဆုံး
သိပ်သိပ်လွမ်းတယ်ချစ်သူရယ် မင့်နဲ့ဝေးတဲ့အချိန်တွေရယ်
တနယ်စီဝေးလည်းချစ်တဲ့စိတ် ရှင်သန်နေမယ့်ငါ့ရဲ့စိတ်
အချိန်တွေကြာတော့ပိုပိုချစ် မင့်ကငါ့ရဲ့နံပါတ်တစ်
မင့်လည်းငါ့လိုချစ်နေမလား အတွေးတွေထဲမှာရှိတယ်တအား
အနေဝေးတဲ့ချစ်သူရယ် သွေးအေးသွားမှာအရမ်းစိုးတယ်
အရှုံးတွေထွေးပိုက်ချစ်နေဆဲ အနိုင်မယူပါနဲ့ချစ်သူရဲ့
အနိုင်ယူလည်းပဲချစ်နေမယ် မင့်ကိုနားလည်ပေးနိုင်တယ်
ဘယ်လောက်ပင်ဝေးဝေးလမ်းမခွဲကြေး မင့်နဲ့ငါ့ရဲ့အချစ်ရေး
ဘယ်သူတွေခွဲခွဲချစ်နေမယ် တစ်သက်တာပုံကာချစ်လို့ကွယ်
ရာစုနှစ်တစ်ခုကျော်လွန်ဆဲ မင့်ကငါ့အတွက်အဖော်မွန်ပဲ......း)

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ


♥...အဆိပ်သင့်နေ့ရက်များ...♥

♥...အဆိပ်သင့်နေ့ရက်များ...♥

  • အပ်ကြောင်းထပ်နေတဲ့အလွမ်းဒဏ်ရာတွေ
  • စည်းချက်မမှန်နိုင်တော့တဲ့ ရင်ခုန်သံသဲ့သဲ့လေး
  • မပီပြင်ဝိုးတ၀ါးနဲ့ ရှေ့ဆက်လျှောက်လှမ်းရမဲ့ခရီးလမ်းက
  • ငါ့အတွက် အပြာဖျော့ဖျော့မျော်စင်တစ်ခုဆန်လာတယ်
  • ဖေးမကူညီမှုမဲ့နေတဲ့ ငါ့အတွက်
  • ဆက်လက်ရပ်တည်နိုင်တဲ့အားအင်မရှိတော့ပါဘူး
  • သန်ခေါင်အပြင်ညဉ့်မနက်ဘူးဆိုပေမဲ့
  • ခါးသီးခြင်းရဲ့ အလွမ်းဒဏ်ရာတွေ
  • ရက်စက်လွန်းတဲ့ဥပက္ခာတွေရတဲ့အခါ ရင်နာတယ်
  • တစ်ယောက်တဲပိုင်ဆိုင်ခွင့်မရှိတဲ့ နင့်နှလုံးသား
  • ငါ့ဆီနားခိုမယ်လို့ ဆုံးဖြတ်ပြီးမှ
  • အတိတ်ကိုတူးဆွ ပြက္ခဒိန်တွေနောက်ပြန်လှန်နေတဲ့
  • နင့်ရဲ့ဒွိဟတွေကြားမှာ ငါဟာအဖြည့်ခံတစ်ယောက်ဖြစ်လို့နေမလား
  •  
  • Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

     

Saturday, May 26, 2012

♥...နှိုးထလိုက်တော့ ကောင်လေးရေ...♥

♥...နှိုးထလိုက်တော့ ကောင်လေးရေ...♥
ကောင်လေးရေ
ချိုသာတဲံစကားလုံးလေးတွေသုံးပြီး
မင့်နဲ့ငါ့ကြားက ဖြူစင်တဲံအချစ်တွေကို
အရောင်မဆိုးချင်ပါနဲ့..♥♥
မင့်တောင့်တမက်မောတဲ့အချစ်မျိုး
ငါ့ဆီမှာ မရှိခဲ့ပါဘူး..♥♥
ငါချစ်ခဲ့တာသူငယ်ချင်းအချစ်ပါ..
ငါ့ရဲ့ရင်ခုန်သံဟာနင့်အတွက်မဟုတ်သလို
မင့်ရဲ့ရင်ခုန်သံဟာလည်း ငါအတွက်ရယ်လို့
မသေချာသေးပါဘူး..♥♥
ဒီလိုပဲပေါ့... မရေရာလှတဲ့အချိန်တွေမှာ
မင့်ပျော်ရွင်နေမဲ့အစား
နိုးထလိုက်ပါတော့..ကောင်လေးရေ
လှပတဲ့ မနက်ခင်းမှာ အချစ်တွေသယ်ပြီး
မင့်ဆီအရောက်လာလိမ့်မယ်..♥♥
မင့်ရဲ့ရင်ခွင်တံခါးကိုသာ ဖွင့်ထားပေးလိုက်ပါ...

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

♥... အစားထိုးမရတဲ့အချစ်...♥

♥... အစားထိုးမရတဲ့အချစ်...♥


လစ်ဟာနေတဲ့ ရင်ခွင်တစ်စုံမှာ
အလွမ်းတွေနဲ့ အနားသတ်ထားမှတော့
မျက်ရည်ဆိုတာ ငါ့အတွက်
အဖော်မွန်ကောင်း တစ်ခုဖြစ်နေခဲ့ပေါ့
မင်း ကိုယ့်ကိုထားခဲ့လိုက်(မေ့လိုက်)တော့နော်တဲ့
အဲဒီစကားတစ်ခွန်း ပြောအပြီး
နင်လည်းငါ့ကိုမေ့ပစ်နိုင်ခဲ့မယ်ဆိုရင်
ဟန်ဆောင်တဲ့စိတ်နဲ့ ငါနင့်ကိုမေ့ပစ်ပေးခဲ့မိပါရဲ့
ဒါပေမဲ့ဟာ.....
နင်ရောငါရော ချစ်ခြင်းနဲ့ နှောင်ဖွဲ့ထားတဲ့
သံယောဇဉ်ကြိုးလေးတစ်မျှင်ကို
အလွယ်တကူ ဖြတ်တောက်ပစ်ဖို့
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....?
တစ်ချိန်က ထားရှိခဲ့တဲ့ကတိစကားတွေကိုရော
နင်အလွယ်တကူ ချေဖျက်နိုင်ခဲ့လို့လား...?
ကဲပါလေ........
ကံစေရာအတိုင်းသာ ငါတို့နှစ်ယောက်
ခုအချိန်မှာဝေးခဲ့ရမယ်ဆိုရင်တောင်
တစ်ချိန်ချိန်မှာ ပြန်ဆုံစည်းနိုင်ခွင့်နဲ့အတူ
တစ်ဘ၀စာအမှတ်တရတွေနဲ့
နင့်ရှိတဲ့အရပ်ဆီ ငါ့ရဲ့စိတ်ဝိဥာဉ်ကို
အပြီးတိုင်လာရောက် နားခိုခွင့်ပြုခဲ့ပါရစေ
အဲဒါဘာလို့လဲသိလား....
ဒီကမ္ဘာမှာ နင်ကလွဲပြီး 
ဘယ်သူ့ကိုမှ ငါနှလုံးသားထဲ
အစားထိုးဝင်ရောက်ခွင့်မပေးနိုင်ခဲ့လို့ပဲ......။


Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ

♥...မနက်ဖြန်တိုင်းမှာချစ်နေမယ်...♥

♥...မနက်ဖြန်တိုင်းမှာချစ်နေမယ်...♥



ချစ်သူ နင်သိပ်ရက်စက်တယ်ဟာ
ငါ့ဘ၀တစ်ခုလုံးစုတ်ပြတ်သတ်သွားလောက်အောင်
နင်တမင်ဖန်တီးယူခဲ့တာလား
အတွယ်တာရဆုံးဆိုပေမယ့်
ကွယ်ရာကငေးကြည့်နေရတဲ့သူပါ
ခံစားချက်မရှိတဲ့စကားလုံးတွေနဲ့
အကြောင်းမဲ့နှုတ်ဆက်သွားခဲ့တဲ့နင့်ကို
မုန်းချင်ပေမဲ့ မေ့လို့မရခဲ့ပါဘူး ချစ်သူ
ငါ့အတွက်မနက်ဖြန်တိုင်းမှာ နင်ဆိုတဲ့အသိနဲ့
နိုးထမိခဲ့တဲ့ငါဟာ တစ်ချိန်ချိန်မှာ
ဝေးရမယ်ဆိုတဲ့အသိစိတ်ကို
ငါ့ဦးနှောက်ထဲ ထည့်မစဉ်းစားမိခဲ့တာအမှန်ပါ...
ငါ့ရဲ့အချစ်ကိုအလေးအနက်မထားခဲ့တဲ့ နင့်ကို
ငါ့ရဲ့အသက်ထက်ချစ်နေခဲ့မိတယ်ဆိုတာ
နင်နားလည်နိုင်လောက်တဲ့အချိန်
ငါ့ရင်ခွင်ထဲအပြီးပြန်ခဲ့ဖို့ ငါတောင်းဆိုပါရစေ
အရမ်းအရမ်းကိုချစ်တယ်ချစ်သူရယ်
ထာဝရထက်တစ်ရက်ပိုပြီးတော့ပေါ့.....

Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ